Allergy Testing For Children

ကလေးများအတွက် ဓာတ်မတည့်မှုစစ်ဆေးခြင်း
ဓာတ်မတည့်ခြင်းဆိုသည်မှာ ကလေး၏ကိုယ်ခံအားစနစ်မှ ပုံမှန်အားဖြင့်အန္တရာယ်မရှိသောအရာများဖြစ်သည့် ပန်းဝတ်မှုန်များ၊ အစားအစာများ၊ အိမ်ရှိဖုန်မှုန့်များ သကဲ့သို့သောအရာများကို တုံ့ပြန်ခြင်းဖြစ်ပါသည်။ လူအများစုတွင် ဤအရာများ (ဓာတ်မတည့်မှု)သည် ပြဿနာမရှိနိုင်ပါ။ စူးရှသောဓာတ်မတည့်မှုများအား ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းသည် ကလေးတစ်ဦးစီ၏ နောက်ခံနှင့်ရုပ်ပိုင်းဆိုင်ရာအကဲဖြတ်မှုတို့ကို လုပ်ဆောင်ပါသည်။ ဆရာဝန်များသည် ဓာတ်မတည့်မှုကိုစစ်ဆေးရန် အရေပြားနှင့်သွေးစစ်ဆေးမှုများကို အသုံးပြုကြပါသည်။
အရေပြားမှတဆင့်စမ်းသပ်ခြင်း (skin prick test) သည် လွယ်ကူလျင်မြန်ပြီး နာကျင်မှုမရှိသည့်အပြင် ရလဒ်များကိုမြန်ဆန်စွာသိရှိနိုင်ပါသည်။
Skin prick test ၏အကျိုးကျေးဇူးများ
ဤစမ်းသပ်မှုသည် မတူညီသောအရာဝတ္ထုများစွာကို တစ်ကြိမ်တည်းနှင့်ဓါတ်တည့်/မတည့်ကိုချက်ချင်းစစ်ဆေးနိုင်သည်။ အရွယ်ရောက်ပြီးသူများတွင် စမ်းသပ်မှုကို များသောအားဖြင့် လက်ဖျံတွင်ပြုလုပ်လေ့ရှိသည်။ ကလေးငယ်များကို ကျောအပေါ်ဖက်ပိုင်းတွင် စမ်းသပ်နိုင်ပါသည်။ ရလဒ်များကိုချက်ချင်းသိရှိနိုင်ပြီး ကုသမှုအစီအစဥ်တွင် ဆေးဝါးများ၊ ခုခံအားကုထုံးများ၊ အိမ်တွင်းပတ်ဝန်းကျင်ကို ပြောင်းလဲခြင်း သို့မဟုတ် အစားအသောက်ပြောင်းလဲမှုများ ပါဝင်နိုင်သည်။
ဤစမ်းသပ်မှုကိုဘယ်သူတွေပြုလုပ်သင့်သလဲ?ဘယ်လိုအခြေအနေမျိုးမှာပြုလုပ်သင့်သလဲ ?
၁။ အထူးသဖြင့်ရာသီဥတုပြောင်းလဲမှုတွင် နှာချေခြင်း၊ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ လည်ချောင်းယားယံခြင်း သို့မဟုတ်
သလိပ်ထွက်တတ်သူများ။
၂။ အသက်ရှူရခက်ခဲခြင်း၊ ထိပ်ကပ်နာနှင့် မကြာခဏရောဂါပိုးဝင်သူများ။
၃။ မကြာခဏခေါင်းကိုက်ခြင်း၊ ပုံမှန်မဟုတ်သော မောပန်းခြင်းနှင့် အအေးမိတတ်သူများ။
၄။ အမည်မသိ အကြောင်းရင်းများကြောင့် ပြင်းထန်သော အရေပြားအဖုများ သို့မဟုတ် အင်ပျဉ်ထတတ်သူများ။
၅။ ပန်းနာရင်ကျပ်၏ လက္ခဏာများဖြစ်သည့် အသက်ရှူရခက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အထူးသဖြင့်
ညဘက် သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီးနောက် ချောင်းဆိုးခြင်း။
၆။ ပန်းနာရင်ကျပ်ကို ခံစားနေရပြီး ကုသမှုခံယူနေစဉ်အတွင်းတိုးတက်မှုမရှိသလို မကြာခဏလက္ခဏာများပြသခြင်း။
၇။ အစားအသောက် သို့မဟုတ် ဆေးဝါးနှင့် ဓာတ်မတည့်ခြင်း။
၈။ Antihistamines ပါ၀င်သောဆေးများ သို့မဟုတ် အခြားဆေးဝါးများသောက်သုံးပြီးနောက် တိုးတက်လာမှုမရှိခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအားနည်းခြင်း၊ အိပ်ငိုက်ခြင်း သို့မဟုတ် ယားယံခြင်းစသည့် ဘေးထွက်ဆိုးကျိုးများနှင့်ရင်ဆိုင်နေရခြင်း။
၉။ ဆေးဖက်ဝင်အပင်များမှီ၀ဲခြင်း၊ macrobiotic အစားအစာများ၊ အပ်စိုက်ကုထုံး နှင့် reflexology ကဲ့သို့သော အခြားသော
ကုသမှုနည်းလမ်းများကို အသုံးပြုသော်လည်း ထိရောက်မှုရှိသောရလဒ်များမတွေ့ရခြင်း။
Allergens (ဓာတ်မတည့်မှုဖြစ်စေသော အရာများ)
Allergen သည် ဓာတ်မတည့်သည့်တုံပြန်မှုကို ဖြစ်စေနိုင်သော အရာတစ်ခုဖြစ်သည်။ Allergen များကို စံချိန်စံညွှန်းမီသည့် လုပ်ငန်းစဉ်များမှတစ်ဆင့် ထုတ်လုပ်ကာစမ်းသပ်မှုအား ပိုမိုစိတ်ချရစေရန် ပုလင်းတစ်ခုချင်းစီသို့ ခွဲထုတ်ပါသည်။ ဓာတ်မတည့်မှုများကို စစ်ဆေးရန်အတွက် Allergen အများအပြားမလိုအပ်ပါ။ အထူးပြုဆရာဝန်သည် လူနာ၏အသက်နှင့် ဆေးမှတ်တမ်းပေါ်မူတည်၍ စမ်းသပ်မှုအတွက် လိုအပ်သောပမာဏကိုသာ အသုံးပြုမည်ဖြစ်ပါသည်။ Allergen များကို
ဓာတ်မတည့်မှုအား လှုံ့ဆော်ပေးသောအရာများမှ ထုတ်ယူသည်။ ဥပမာ -
၁။ ဖုန်မှုန့်များ၊ သားမွေးများ၊ တိရိစ္ဆာန်ပရိုတင်းများနှင့် တိရိစ္ဆာန် dander
၂။ အင်းဆက်ပိုးမွှားများနှင့် ပိုးမွှားများ (ဥပမာ - ပိုးဟပ်)
၃။ ဝတ်မှုန်များ၊ မှိုပိုးများ
၄။ အစားအစာများ (ဥပမာ နို့၊ ပဲပိစပ်၊ ဥ၊ မြေပဲ၊ ငါး၊ အသား၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်များ နှင့် သစ်သီးဝလံများ)
စမ်းသပ်မှုအတွက်ပြင်ဆင်ခြင်း
၁။ စမ်းသပ်မှုမပြုလုပ်မီ ၇ရက် မှ ၁၀ရက်အလိုတွင် antihistamines ပါ၀င်သောဆေးများ မသောက်သုံးရပါ။
(ဆေးအမျိုးအစားပေါ် မူတည်ပါသည်။)
၂။ အခြားမှီ၀ဲသောက်သုံးနေရသောဆေးများရှိပါက စမ်းသပ်မှုမပြုလုပ်မီ ဆရာဝန်အားအသိပေးပါ။
၃။ အချို့သောဆေးများတွင် အအေးမိခြင်း၊နှာပိတ်ခြင်းနှင့် ယားယံခြင်းကိုသက်သာစေသော antihistamineကဲ့သို့သောပါ၀င်သောကြောင့် စမ်းသပ်မှုမတိုင်မီ ၇ ရက်အတွင်း သောက်သုံးရန်မသင့်ပါ။
၄။ နှလုံးရောဂါ သို့မဟုတ် သွေးတိုးရှိသူများသည် အချို့သောဆေးဝါးများကို စမ်းသပ်မှုမပြုလုပ်မီ ရပ်တန့်ထားရန် လိုအပ်သောကြောင့် ဆရာဝန်အားအရင်ဦးစွာအသိပေးရပါမည်။
၅။ စမ်းသပ်မည့်နေရာများကို ရေမွှေးဆွတ်ခြင်း သို့မဟုတ် ရနံ့မွှေးပျံ့သော Body Lotionsနှင့် ဆေးလိမ်းခြင်းများအား ရှောင်ကြဥ်ပေးပါရန်။
၆။ စမ်းသပ်မှုမတိုင်မီ အစာရှောင်ရန် မလိုအပ်ပါ။
Skin Pricked Test
စမ်းသပ်မည့်နေရာကို အရက်ပြန်ဖြင့် သန့်စင်ပြီးနောက် အမှတ်အသားငယ်များကိုမှတ်ထားမည်ဖြစ်ပြီး အမှတ်တစ်ခုစီ၏ဘေးတွင် ထုတ်ယူထားသော Allergen တစ်စက်စီချပြီးနောက် သုတ်လိုက်ပါမည်။ ဤစမ်းသပ်မှုတွင် အရေပြား၏မျက်နှာပြင်ကို စိမ့်ဝင်ရုံသာရှိသော အပ်များကိုသာ အသုံးပြုသည်။ သွေးထွက်ခြင်း မရှိနိုင်သော်လည်း ခဏတာ မသက်မသာ ခံစားရနိုင်သည်။ ရလဒ်များကို 15 မိနစ်အတွင်းပြသပါလိမ့်မည်။ အကယ်၍ လူနာသည် စမ်းသပ်ထားသည့် အရာများထဲမှ တစ်ခုနှင့်ဓာတ်မတည့်ပါက၊ နီရဲလာပြီး ယားယံသောအဖုများ ဖြစ်ပေါ်လာလိမ့်မည်။ ဤစမ်းသပ်နည်း (SPT) သည် ဘေးကင်းခြင်း၊ လွယ်ကူခြင်း၊ အချိန်ကုန်သက်သာပြီး ကြီးမားသည့် ဓာတ်မတည့်သောတုံ့ပြန်မှုများကို မဖြစ်ပေါ်စေနိုင်သောကြောင့် ဓာတ်မတည့်မှုရောဂါရှာဖွေခြင်းတွင် ပထမအဆင့်အဖြစ် တစ်ကမ္ဘာလုံးက လက်ခံအကြံပြုထားပါသည်။
အကြံပြုချက်
Allergen အရည်အနည်းငယ်ကိုသာ လိမ်း၍စမ်းသပ်ထားသောကြောင့် ပြင်းထန်သော Allergen တုံ့ပြန်ခြင်းမှာ ရှားပါးပြီး စမ်းသပ်မှုကို ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများမှ ပြုလုပ်ပေးမှာဖြစ်ပါသည်။
ကလေးအထူးကုစင်တာ၊ Bangpakok 9 International Hospital ၏ ဒုတိယထပ်
တနင်္လာ မှ တနင်္ဂနွေ၊ 08:00 မှ 20:00 ထိဖွင့်ပါသည်။
အသေးစိတ်ထပ်မံသိရှိလိုပါက
တယ်လီဖုန်း : +662–109–9111 ext. 10240/10241
Call Center: 1745